အမေ့မှာတမ်း
နေဆိုရင်လည်း နေလိုဘဲ
မီးဆိုရင်လည်း မီးလိုဘဲ
ပူမှပြင်းမှ နီရဲမှ။
ရွေဆိုရင်လည်း ရွေလိုဘဲ
စိန်ဆိုရင်လည်း စိန်လိုဘဲ
တောက်မှပြောင်မှ ဖိုးတန်မှ။
ကရင်ဆိုရင်လည်း ကရင်လိုဘဲ
အရင်ဆိုရင်လည်း အရင်လိုဘဲ
မကွဲမပြား မခွဲခြားနှင့်
အမေ့တောင်းဆိုချက်
မပျက်ကွက်အောင်
သမီးထမ်းဆောင်မည်
နှုတ်တည်စကား
သားရင်ဋ္ဌကားမှ
လူလားထွက်ပေါ်
စောင့်မျှော်နေပါ အမေရယ်
Monday, 25 January 2010
အမေ့ မှာတမ်း
Sunday, 24 January 2010
တခုတည်းသောပန်းတိုင်သို့ 
တခုတည်းသောပန်းတိုင်သို့ 
အို....သံလွင်
တောင်စဉ်တောထပ်၊သင်ကျော်ဖြတ်လို့ 
ရစ်ပတ်စီးခွေ၊နားမနေတမ်း
ခရီးဋ္ဌကမ်းကို၊လျှောက်လှမ်းခဲ့ကာ
ဋ္ဌကာတောင့်ဋ္ဌကာပြီ၊ပန်းတိုင်ဘယ်မှာရှိသနည်း။
အို....ဧရာဝတီ
နာမည်ကျော်ကြား၊လူသိများခဲ့
ရှည်လျားခရီး၊ဖြတ်စီးခဲ့ကာ
ကာလဋ္ဌကာပြီး၊ပန်းတိုင်ဘယ်မှာရှိသနည်း။
အို....စစ်တောင်း
အားကောင်းကောင်းဖြင့်၊နှစ်ပေါင်းများစွာ
ခရီးတာတွင်၊စုန်ကာဆန်ကာ၊စီးဆင်းကြာပြီ
ပန်းတိုင်ဘယ်မှာရှိသနည်း။
အို....အင်အားဖွဲ့ ကောင်း၊မြစ်အပေါင်းငဲ့
ဇာတိမြစ်ဖျားအနေခြားခဲ့၊ရှေ့သွားနောက်လှည့်
အလှမ်းကျယ်လည်း၊ဦးတည်ချက်သာ တူညီပါမှု
ပင်လယ်ပြာမှာ ဆုံဋ္ဌကမည်။
အားလုံးညီညွတ်ကြပါစေ။
Sunday, 3 January 2010
သူ

အရိုင်းပန်း
အရိုင်းပန်းသည်
မရိုင်းချင်လည်းအရိုင်းခံပန်းဖြစ်နေရ။ ပင်မြင့်ပေါ်တွင် ပေါက်ချင်ငှားလည်း နေရာမမှန်ပေရာ မြေပြင်နဲ့ သာရှင်သန်ရ။ မွေးကြိုင်ရနံ့  ရှိနေသော်လည်း အရိုင်းပန်းမို့  လက်တွန့် ပြန်ရ။ လှပဝေဆာ မက်မောလောက်လဲ ဆူးများနေသောကြောင့် ပစ်ပယ်ုက။ ပန်းပေမယ့် ဥပခပန်းမို့  အရိုင်းပန်းသာ ဖြစ်နေရ။