Sunday, 11 April 2010

သူငယ်ချင်း.............

ချစ်သူငယ်ချင်းများ အတွက်

သူငယ်ချင်းတို့ရေ....အရမ်းလွမ်းတယ်
နွေရာသီဆိုလို့ရှိရင်....ကျောင်းလွယ်အိတ်လွယ်ပြီး
အိမ်ဘေးရောက်တိုင်း........နော်ဆိသွားမယ်....
ဆိုသည့်မင်းရဲ့အသံလေး

ကျောင်းရောက်လို့ရင်.....ဆရာတွေရဲ့သင်ခန်းစာနှင့်လုံးပန်း
တစ်ခါတစ်လေ ၀ါးဟားဟား.....ဆိုသောရယ်သံ
အတန်းထဲပြည့်နှက်ခဲ့
ဆရာရဲ့ရယ်မောရစေသောစကားေုကာင့်

သူငယ်ချင်းအရမ်းလွမ်းရ......
မိုးရာသီရောက်ရင်........ကျောင်းပြန်ဖွင့်မဲ့နေ့ကို
မျှော်လင့်....သူငယ်ချင်းဟောင်းနဲ့ပြန်ဆုံရတစ်မျိုး
အတန်းဖော်သူငယ်ချင်းသစ်ကိုမျှော်ရတစ်ဖုံ


ကျောင်းပြန်ဖွင့်မဲ့ရက်မရောက်ခင်ည
နင်ငါ့အိမ်ကိုလာခဲ့....ဒါမှမဟုတ်နင့်အိမ်ကိုငါသွားခဲ့
မနက်ဖြန်ကျောင်းစောစောသွားမယ်....နင့်ရဲ့အသံ ငါ့ရဲ့အသံ
ခုထိမမေ့နိုင်သေး....

ခုချိန်ဆိုရင်....နင်ရဲု့ကင်နာသူနဲ့
ပျော်နေလောက်ပြီးပေါ့နော်..
သူငယ်ချင်း......အရင်တုန်းကပျော်ခဲ့တာတွေကိုတော့
မမေ့လိုက်နဲ့နော်.........

Read More...

အသည်းလေးကွဲအဲ့ကြွေတဲ့နေ့

အလွမ်းရဲ့ လေရူးလေး......

ဒီလိုအချိန်မျိုးရောက်တိုင်း ရင်ထဲထိအေးစေအောင်
မင်းကတိုက်ခတ်လိုက်
ဒီလိုအချိန်မျိုးရောက်တိုင်း ရင်ထဲထိအောင်ပူလောင်စေအောင်
မင်းကတိုက်ခတ်လိုက်
ဒီလိုအချိန်မျိုးရောက်တိုင်း အလွမ်းများကငါ့စိတ်ကိုဖိစီး
မင်းကအလွမ်းကသယ်လာခဲ့
ဒီလိုအချိန်မျိုးရောက်တိုင်း အဆွေးများကိုနှလုံးသား
ရစ်ပတ်စေတယ်
ငါဘယ်လိုလုပ်ရမလဲ..........
မြန်မြန်လေးကုန်သွားပါတော့..........
ဒီလိုအလွမ်းကနေ မြန်မြန်လွတ်မြောက်ချင်ပြီး လေရူးလေးရယ်..........

Read More...

 

ငွေလမင်းနှင့် မိုးသောက်ကြယ် Copyright © 2010 Designed by Ipietoon Blogger Template Sponsored by Emocutez