၂၁ ရာစုဟာ ဂလို ဘယ်လိုက်ဇေးရှင်းနဲ့အညီ အရာရာတိုင်းဟာ ပြောင်းလဲနေလျှက်ရှိပါတယ် ။ အဲဒီအထဲမှာမှ လူမှုရေး ၊ စီးပွားရေး ၊ ကျန်းမာရေး စသည်တို့ဟာလည်း များစွာပြောင်းလဲလာလျှက်ရှိပါတယ် ။ တစ် နေ့ပြီး တစ်နေ့ ပေါ်လာလိုက်တဲ့ ရောဂါဆန်းတွေ တစ်ခါမှတောင် မတွေ့ဖူး မမြင်ဖူးတဲ့ ရောဂါ သစ်တွေ ကမ္ဘာမှာ တိုးတက်များပြားလာလိုက်တာ ။ SARS မှ အစ H5N1 အဆုံး ပေါ်လာလိုက်တဲ့ ဗိုင်းရပ်စ်တွေကလည်း ခေတ်နဲ့ အညီပါပဲ ။ စီးပွားရေးဈေးကွက်တွေချဲ့ထွင်လာတာနဲ့အမျှ ကမ္ဘာ့နိုင်ငံအသီးသီးက ယဉ်ကျေး မှုတွေဟာ လည်း ရွှေမြန်မာ တွေဆီကို ကူးစက်လို့ လာခဲ့ပါပြီ ။ လတ်တလော ကျွန်တော်တို့နေထိုင်ရာ ရပ်ကွက်တွေ မြို့ရွာ တွေအတွင်းမှာ “ အိုပါး ” “ မီအာနဲ ” “ ဆားဒါးငယ် ” “ ရှဲရှဲနီ ”
“နီဟောင်မား” “ သွေ့ဘုချိ” စတဲ့ အသံတွေဟာ အပြောင်း အလဲများရဲ့ ပြယုဉ်တွေပဲ ဖြစ်ပါတယ် ။ အခု ဆွေးနွေးလိုတာကတော့ ဖြစ်ပေါ်လာတဲ့ အပြောင်း အလဲတိုင်းကို ကြိုဆိုသင့်ပါသလားဆိုတာပါပဲ။
၁ ။ ကိုရီးယားရုပ်သံဇတ်လမ်းတွေနဲ့ အင်္ဂလိပ်ဇတ်ကားတွေမှာ မြန်မာစာတမ်းထိုးတာ ကောင်းပါသလား?
အရာရာတိုင်းမှာ အကောင်းနဲ့အဆိုးဒွန်တွဲနေတယ် ဆိုသလိုပါပဲ ။ နိုင်ငံခြားဇတ်ကားတွေမှာ မြန်မာစာ တမ်းထိုး တာဟာ မိဘပြည်သူတွေ အလွယ်တကူ နားလည်နိုင်တယ်။ ဘာသာစကား ကွာဟမှု အခက်အခဲကို ကျော်လွှား နိုင်တဲ့ အတွက် ဇာတ်လမ်းရဲ့ အနှစ်သာရ ပိုပြီး ပြည့်ဝလာတယ်ပေါ့ ။ ဒါပေမယ့် တစ်ဖက်ကကြည့်ရင်တော့ လူငယ် လူ ရွယ်တွေ ဘာသာစကား လေ့လာလိုတဲ့လူတွေအတွက် အင်္ဂလိပ်စာတမ်းကိုဖျက်ပြီး မြန်မာလို ပြောင်းထား တဲ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါပဲ ။ နိုင်ငံခြားကားတွေ ကိုရီးယားဇတ်လမ်းတွဲတွေကိုပါ အင်္ဂလိပ် စာတမ်းထိုးပေးရင်တော့ အင်္ဂလိပ်စာတမ်းကို တဖြည်းဖြည်းလိုက်ဖတ်ရင်းဖတ်ရင်းနဲ့ အင်္ဂလိပ်စာ Reading Skill လည်းတက်လာမှာ အမှန်ပါပဲ ။ နောက်ဆုံး အင်္ဂလိပ်စာကို စိတ်မ၀င်စားတဲ့ ကျောင်းသား လူ ငယ်တွေ တောင် ဇာတ်လမ်းရဲ့ ကျောရိုးကိုသိချင်လို့ အင်္ဂလိပ်စာကို လိုက်ဖတ်တတ်တဲ့ အကျင့် စွဲစေတဲ့ မဟာ အခွင့်အရေး ကြီး တစ်ရပ်ပါ ။ ဒါကြောင့် ဇတ်ကားတိုင်းကို မြန်မာ စာတမ်းထိုးတာထက်စာရင် International Language ဖြစ်တဲ့ English Subtitle ထိုးပေးခြင်းကမြန်မာတွေကို ကမ္ဘာနဲ့အမှီ ရင်ဘောင်တန်းစေနိုင်တဲ့နည်းလမ်းဖြစ်တယ်လို့ယူဆမိပါတယ်။
၂။ဇတ်လမ်းတွေထဲကယဉ်ကျေးမှုတွေကိုလက်ခံသင့်ပါသလား?
မင်းသမီးနဲ့ မင်းသားကြိုက် ၊ ဟော်တယ်ရောက် ၊ နောက်တော့ကွဲ ၊ မင်းသမီး ကလပ်တက် ၊ အရက်သောက် နောက် ပျက်ဆီး ၊ ဒါတွေဟာ ဇတ်ကားတိုင်းလိုလိုမှာပါတဲ့ အကြောင်းတရားတွေပါပဲ ။ ကိုရွှေမြန်မာတို့ကလည်း အတုယူ တဲ့နေရာမှာ မြန်ပါဘိသနဲ့ ။ အရွယ်မတိုင်ခင် (၁၈ နှစ်မကျော်ခင်) တည်းခိုခန်းရောက် ၊ ကိုယ်ဝန်တွေရ (အရင်တုန်းကပါ ) ဇတ်လမ်းပေါင်းများစွာပါပဲ ။ အခု အရေးပေါ် သန္ဓေတားဆေး တစ်မျိုးဖြစ်တဲ့ Levonorgestrel 0.75mg ဆေးတွေ မြန်မာပြည်ကို ၀င်ရောက်လာတာဟာ တစ်ဖက်ကကြည့်ရင် ကိုယ်ဝန် မရနိုင် အောင်တားပေးတာ မှန်ပေမယ့် တစ်ဖက်ကကြည့်ရင်တော့ ကြောက်မက်ဖွယ် အန္တရာယ်ဆိုးကြီးပါပဲ ။ လူငယ်တွေက ငါတို့ အတူတူနေလိုက်ကြမယ်ကွာ ဘာဖြစ်လဲ အရေးပေါ်သန္ဓေတားဆေးရှိနေတာပဲ ဆိုပြီး Sex ကိစ္စကို လွယ်လွယ်လေး စဉ်စားလာကြတာကိုလည်း တွေ့ရပါတယ် ။ တခြားနိုင်ငံတွေအတွက် မထူးပေမယ့် ယဉ် ကျေးမှု ဂါရ၀တရား ထွန်းကားတဲ့ ရွှေမြန်မာအတွက်တော့ ၁၆ နှစ် ၁၇ နှစ်အရွယ်လေးတွေ ဆေးဆိုင်တွေမှာ အရေးပေါ်သန္ဓေတားဆေးလာဝယ်ကြတာတွေ့တိုင်း ဒါဟာ တို့ နိုင်ငံအတွက် မအပ်စပ်လှဘူးလို့ပဲ ထင်မိပါတယ် ။ သူတို့လေးတွေ ဒီကိစ္စအတွက် ကျွန်တော့်ကို လာတိုင်ပင်တဲ့အခါတိုင်း ကျွန်တော့်ရင်ထဲမှာ တစ်စုံတစ်ခု ပျောက် ရှသွားသလို ၊ နှမျောတသမိသလိုခံစားရလေ့ရှိပါတယ်။
ငါ့ညီငယ်ညီမငယ်တွေမှားယွင်းပြီးတာတောင်နောင်တရဟန်မရှိပဲအရေးပေါ်သန္ဓေတားဆေးအကြောင်း ပွင့်ပွင့်လင်းလင်းမေးရဲတဲ့သတ္တိကို ချီးကျူးပဲချီးကျူးရမလား ၊ အံ့ပဲအံ့သြရမလား မတွေးတတ်တော့ပါဘူး။တခါတခါလည်း အော်..ငါတို့နိုင်ငံမှာSexဟာ ဒီလောက်တောင်လွယ်ကူပွင့်လင်းနေကြပြီလားလို့လည်း တွေးမိပါတယ် ။ ဒါတွေဟာလည်း အပြောင်းအလဲတွေထဲက ကြိုဆိုသင့်ပါသလား၊ ပယ်ချသင့်ပါသလား။
၃ ။ လက်မထပ်ပဲအတူနေခြင်း Living Together ကို ကြိုဆိုသင့်ပါသလား ?
Hip Hop ဂီတတိုးတက်လာခြင်း ၊ လူငယ်လေးတွေ အထူသဖြင့် ယောင်္ကျားလေးတွေ လက်သည်းတွေမှာ အမည်း ရောင်ဆိုးခြင်း (Punk သင်္ကေတ ) ၊ နားကပ်ဝတ်ဆင်ခြင်း စတာတွေကတော့ ရိုးအီနေပြီး ရွှေမြန်မာ တွေအတွက် အသားကျနေပြီဖြစ်တဲ့အတွက် ထူးပြီး ပြောမနေတော့ပါဘူး ။ ပြောလိုတာကတော့ နိုက်ကလပ် တွေပါပဲ ။ မတော်တဆ ခဏတာ အသဲကွဲခြင်း ၊ စိတ်ညစ်ခြင်း တို့ကြောင့် ကျောင်းသားလူငယ်တွေ နိုက်က လပ် တတ် ရန်ဖြစ်ကြတဲ့ သတင်းတွေလည်း ကြားရပေါင်းများနေပါပြီ ။ အဓိကပြောချင်တာကတော့ နိုက်က လပ်က အပြန် ဟော်တယ်တွေမှာ Living Together နေမိတဲ့အဖြစ်တွေပါပဲ ။
၂ ဖက်လုံးသဘောတူပြီး အရာရာ ok နေရင် နိဗ္ဗာန်ဘုံပဲပေါ့ ။ တစ်ယောက်ယောက်က ဖောက်ပြီဆိုရင်တော့ “ နင်ယောင်္ကျားမပီသဘူး ” “ နင်ငါ့ကို တာဝန်မယူဘူး ”“ နင်စားပြီး နားမလည်ဘူးလား ” “ ယောင်္ကျားမပီသဘူး ” “ နှမချင်းမစားနာဘူး နင့်နှမဆိုရင် နင်အဲဒီလိုနေမလား ” ဆိုပြီး မိန်းကလေးတွေဖက်စွပ်စွဲသလို ယောင်္ကျား လေး တွေ ဖက်ကလည်း “ အို..နင်သဘောတူလို့ ဖြစ်တာပဲ ” “ နင့်ကို လက်ထပ်ပါ့မယ် ဘယ်တုန်းက အာမခံဘူးလို့လည်း ” “ ဒီတစ်ညလေးအိပ်ယုံနဲ့ နင့်ကို ငါက ယူရမလား ” “ လက်ခုပ်ဆိုတာ ၂ ဖက်တီးမှ မြည် တာ ပါကွာ ” စသဖြင့် ဆင်ခြေတွေပေးတတ်ကြပါတယ် ။ တကယ်တမ်း နစ်နာတာ ဘယ်သူတွေပါလဲ ။ မိန်း ကလေး တစ်ဦးတည်းသာလျှင်ဖြစ်ပါတယ် ။
အပျိုစင်ဘ၀ ( Virgin ) ကိုလည်းဆုံးရှုံးရသေး ၊ တာဝန်လည်းမယူ အခန့်မသင့်ရင် ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့ရ မယ့် ကိစ္စ ။ ဒူးနဲ့ မျက်ရည်သာ သုတ်ပေရော့ ။ ဒါကြောင့်ကို ယောင်္ကျားတို့ သတိထားဆင်ခြင်ပြီး ငါ့နှမသာဆိုရင် ဆိုတဲ့ အတွေးလေးတွေ ထားကြမယ်ဆိုရင် ပွင့်သောပန်းတိုင်းမွှေးနေမှာ အမှန်ပါပဲ ။ ဒီကိစ္စဟာ ဆွေးနွေး ရမယ်ဆိုရင် နက်နဲကျယ်ပြန့်လွန်းပါတယ် ။ လူမှာ အဓိကခွဲရင် Love နဲ့ sex ကို အတူတူပဲ Sex မပါပဲLove မဖြစ်နိုင်ဘူးလို့ လက်ခံကျင့်သုံးတဲ့လူမျိုးနဲ့ love နဲ့ sex တခြားစီ ၊ အချစ်ဆိုတာ အေးမြဖြူစင် နူးညံ့တဲ့ ရင်ခုန်သံဖြစ်ပြီး Sex ကတော့ သွေးသားအလိုဆန္ဒ ရမ္မက်လို့ ခံယူထားသူဆိုပြီး ၂ မျိုးရှိပါတယ်။ ဒုတိယအမျိုးအတွက် ဘာမှ ပြဿနာ မရှိလှပါဘူး။
Love နဲ့ Sex အတူတူပဲလို့ လက်ခံထားတဲ့သူတွေအတွက် အထူးသဖြင့် ယောင်္ကျားလေးတွေက “ နင့်ရဲ့ ခန္ဓာကိုယ်ကို ငါ့ကို မပေးနိုင်ဘူးဆိုရင် နင်ငါ့ကို တကယ်မချစ်လို့ပဲ ” “ နင့်ကို တကယ်ချစ်တာပါဟာ နင်နဲ့ အတူနေချင်လို့ပါ င့ါကို မလိုက်လျောပေးနိုင်ဘူးလားဟင် ” စသဖြင့် ကိုယ့်ရဲ့သွေးသားဆန္ဒတပ်မက်မှုကို အချစ် လို့ ခေါင်းစဉ်တပ်ပြီး ချစ်သူမိန်းကလေးရဲ့ကာမကို ရယူဖို့ ကြိုးစားလေ့ရှိပါတယ် ။ ဒါကြောင့် မှာချင်တာ က မိန်းကလေးတွေအနေနဲ့ ယောင်္ကျားလေးတွေရဲ့ စိတ် အနေအထားကို သိဖို့ လိုအပ်ပါတယ် ။ ယောင်္ကျားလေး အများစု ( အားလုံးကို မဆိုလိုပါ) တစ်ခုခုကို လိုချင်ပြီဆိုရင် အသည်းအသန်ကြိုးစားပြီး တကယ်တမ်းလက်ထဲ ရောက်လာပြီဆိုရင်တော့ ရိုးအီသွားတတ်ကြပါတယ် ။ မိန်းကလေးရဲ့ အပျိုစင်ကိုရယူပြီးတကယ်လည်းရရော လက်မှမထပ်ရသေးတာပဲ ဆိုပြီး တခြားတစ်ယောက်ကို ပြောင်းဖို့ ၀န်မလေးတတ်ကြပါဘူး ။ ဖတ်ဖူးတဲ့ ရှေးစာအုပ် တွေအရ ကျားဆိုတဲ့ သဘာဝဟာ ဘယ်တော့မှ မိန်းမတစ်ဦးနဲ့ တင်းတိမ်လေ့မရှိဘူးတဲ့။ကြောက်စရာကြီးပါ။
မိန်းကလေးတွေအနေနဲ့ ကိုယ့်ချစ်သူရည်းစားကို လိုရာ ပုံသွင်းနိုင်တာဟာလည်း အရည်အချင်းတစ်ခုပါပဲ ။ ဒါ ကြောင့် ကာမပေးပြီးမှ အပိုင်ချည်မယ်ဆိုတဲ့ အပိုင်စွဲအောင်လုပ်မယ်ဆိုတဲ့ ငါသူ့ကို တကယ်ချစ်တယ်ဆိုတာ သူယုံသွား မယ် စတဲ့ အတွေးတွေကို ဖယ်ထုတ်စေချင်ပါတယ် ။ နစ်နာရင် ၂ ဖက်စလုံး နစ်နာပြီး မိန်းကလေးက ပိုနစ်နာပါတယ်။ ဒါကြောင့် ယောင်္ကျားတိုင်းလည်းမကောင်းသလို မိန်းမတိုင်းလည်း မကောင်းပါဘူး။အခြေအနေ ၃ ခုကိုတင်ပြရမယ်ဆိုရင်
၁။ယောင်္ကျားပျက်နဲ့မိန်းမပျက်တွေ့ဆုံခြင်းဒါကတော့ပြဿနာသိပ်မရှိလှပါဘူး။ နှစ်ယောက်လုံးက sex ကို အလေးမထားတဲ့အတွက် living together နေ ကြတယ် ။ သဘောထားခြင်းမတိုက်ဆိုင်ရင်လည်း အေးအေးဆေးဆေးပဲ လမ်းခွဲလိုက်ပြီး အသစ်ရှာယုံပါပဲ။
၂။ယောင်္ကျားကောင်းနဲ့မိန်းမပျက်တွေ့ဆုံခြင်း ပညာရေးတွေ မျှော်လင့်ချက်တွေ ရွှေရောင်အနာဂါတ်တွေနဲ့ ယောင်္ကျားကောင်းတစ်ယောက် ဟာ မိန်းမလည် မိန်းမပျက်တစ်ဦးနဲ့ တွေ့ဆုံမိပြီဆိုရင်တော့မလွယ်လှပါဘူး ။ မိန်းမပျက်ရဲ့ မာယာ ကျော့ကွင်း တွေအောက် သက်ဆင်းပြီး ဘ၀ ပျက်သွားနိုင်ပါတယ် ။ တစ်ညတာ အိပ်စက်ပြီး တစ်ဘ၀တာ တာဝန်ယူရမယ်ဆိုပြီး အပိုင် ချည် တတ်ကြပါတယ် ။ ဒါမျိုးဆို ရင် ယောင်္ကျားကောင်းတော့ နစ်နာပြီး ဘ၀ ဟာ အဖတ်ဆယ် မရ တော့ ဘူးလို့ သာ မှတ်ပေတော့ ။
၃။ ယောင်္ကျားပျက်နဲ မိန်းမကောင်းတွေ့ဆုံခြင်း
ရိုးသားတဲ့ မိန်းကလေးတွေ ယောင်္ကျားပျက်တစ်ဦးနဲ့ တွေ့ဆုံမိပြီဆိုရင်တော့ ဆုံးရှုံးရမှာတွေကတော့ အများ ကြီးပါပဲ ။ ကိုယ့်ရဲ့ အပျိုစင်ဘ၀သာမက တခြား စိတ်ဓါတ်ရေးရာတွေနဲ့ မလိုလားအပ်တဲ့ ကိုယ် ၀န်ပြ ဿနာ တွေကိုပါ ရင်ဆိုင်ရနိုင်ပါတယ် ။
ဘယ်သူမပြုမိမိ မှု ဆိုသလိုပါပဲ ။ ကိုယ် အားနာလိုက်မိလို့ ၊ လိုက်လျောလိုက်မိလို့ ၊ အယုံလွယ်လိုက်မိလို့ ၊ မချစ်ဘူး လို့ ထင်မှာစိုးလို့ စတာတွေကြောင့် ဘ၀ပျက်ခဲ့ကြတဲ့သူတွေ ဒုနဲ့ဒေးပါပဲ ။ မတော်တဆ ကိုယ်ဝန် တွေဘာတွေ ရလာရင်လည်း ဖျက်ကြဖို့အထိ ကြံစည်တတ်ကြပါတယ် ။ ဒါကြောင့် မမှားခင်က ရှောင်နိုင် ရင်တော့ အကောင်းဆုံးပါပဲ ။ ကဲ..ဒါဆို မှားပြီးပြီ ဘာဆက်လုပ်ကြမလည်း ဆိုတဲ့ ပြဿနာကိုလည်း ခေါင်းအေး အေး ထားပြီးစဉ်းစားဖို့လိုပါတယ် ။ ကိုယ်သည် မရှောင်နိုင်လို့ လိုက်လျောတော့မယ်ဆိုရင် ချစ်သူရည်းစားကို condom သုံးခိုင်းတာ အကောင်းဆုံးပါပဲ ။
သူမသုံးနိုင်ဘူးဆိုရင်လည်း ကိုယ်ဝန်မရအောင် သန္ဓေတား ကာကွယ်နည်း တစ်ခုခုကို ကိုယ်က သုံးထားပါတယ် ။ တစ်ကြိမ် တစ်ခါ အတွက်တော့ အရေးပေါ်သန္ဓေတားဆေးတွေက ကောင်းကောင်းကြီးဖြေရှင်းပေးနိုင်ပါတယ် ။ Composition က Levonorgestrel 0.75 mg ပါဝင်ပြီး သူ့ ရဲ့စွမ်းအင်လေးတွေကို ဗဟု သုတအနေနဲ့ပြောရရင် ဒီဆေးက လိင်ဆက်ဆံပြီးချင်း ၇၂ နာရီ အတွင်းသောက်ရတာဖြစ်ပါတယ် ။ မိန်းကမလေးတွေမှာ မျိုးဥကြွေခြင်းကို တားဆီးပေး ခြင်း (Ovulation)၊ အကယ်၍ ဖို သုတ်ကောင် sperm နဲ့ ထိတွေ့မိပါက Fertilization မျိုးအောင်ခြင်းကို တားဆီးပေးခြင်း ၊ အကယ်၍ မျိုးအောင်သွားပါကလည်း သန္ဓေတွယ်ခြင်း Implantation ကိုတားဆီးပေးခြင်း စတဲ့ Action တွေရှိပါတယ် ။ ယောင်္ကျားလေးတွေမှာတော့ Sperm count သုတ်ကောင်အရေအတွက်ကိုနည်းစေခြင်း နဲ့ သေစေခြင်း စတာတွေကို လုပ်ဆောင်ပေးပါတယ် ။ ပထမ ဆေးသောက်ပြီး နောက် ၁၂ နာရီကြာတဲ့အခါ နောက်ဆေးကို သောက်ဖို့လိုပါတယ် ။ ပြန်အန်ခဲ့ရင်တော့ ပြန်သောက် ပေါ့ ။ ဒါက အရေးပေါ်တစ်ကြိမ်တစ်ခါအတွက်ပါ ။ ကွန်ဒုံးမသုံးနိုင်တဲ့သူတွေအတွက်ပါ။ အကြိမ်ကြိမ် အခါခါ မှားလိုသူတွေကတော့ သုံးလခံဆေး Depo injection ထိုးထားရင်ထိုး မဟုတ်ရင်တော့ OC Pills လို့ခေါ် တဲ့ မြှားထိုးတဲ့ကဒ်လေးတွေသောက်ဖို့လိုပါတယ် ။
ကွန်ဒုံးကတော့ အကောင်းဆုံးလို့ ထင်မိပါတယ် ။ ဘာကြောင့်လည်းဆိုရင် ကွန်ဒုံးသုံးခြင်းဖြင့် ကိုယ်ဝန်ကို တားဆီး ပေးနိုင်တဲ့အပြင် တခြား လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ (Sexually Transmitted Diseases) တွေကိုလည်း တားဆီးပေးနိုင်ပါတယ် ။ ကဲ ထားပါတော့ ကိုယ်ဝန်ရတဲ့အဆင့်ကို ရသွားပြီဆိုပါတော့ ။ ဒါဆိုရင် တော့ အရေးကြီးလာပါပြီ ။ ကိုယ်နဲ့ ဖြစ်ခဲ့တဲ့လူက သစ္စာရှိတယ်ဆိုတော်ပါသေးရဲ့ ။ တာဝန် ယူနိုင်သေးတယ် ။ အဲ့ ပေါ့ပေါ့ပျက်ပျက်ကောင် မလေးမထားတဲ့ကောင်ဆိုရင်တော့ မိန်းကလေးဘ၀ ပျက်ပြီ ဖြစ်ပါတယ် ။ တချို့က ဒါကို ပြုမှုခဲ့တဲ့ ယောင်္ကျားလေးကိုတော့ အပစ်မတင်ပဲ ကိုယ်ဝန်ကို ဖျက်ချဖို့ မိုက်မိုက်မဲမဲ ကြံစည်တတ်ကြပါသေးတယ် ။နည်းမျိုးစုံနဲ့ပေါ့ ။ ဒါဆို ကိုယ်ဝန်ရလာရင် ဘာလုပ်ရမလည်း ဆိုရင်တော့ ကောင်းကောင်းမွန်မွန်မွေးလိုက်ပါ ။ အမှန်တော့ ကြားဖူးတာ တစ်ခုရှိပါတယ်။
“ ပြင်ဆင်ထားခြင်း မရှိပဲ ဧည့်သည်ကို ဖိတ်ခေါ်ခြင်းဟာ အိမ်ရှင်တာဝန်မကျေဘူး ” တဲ့ ။ အခု လိုရုတ် တရက် ပြင်ဆင်ချိန်မရှိပဲ ဧည့်သည်ကို လက်ခံလိုက်ရတာဟာ အိမ်ပေါက်ဝကနေဆီးပြီး ရင်ဝကို လှံနဲ့ ထိုးတာ ထက်စာရင်တော့အ များကြီးတော်ပါသေးတယ်။
၂၁ ရာစုရဲ့ အပြောင်းအလဲတွေထဲမှာ လက်ခံသင့်တာတွေရှိသလို လက်မခံသင့်တာတွေလည်း တပုံကြီး ရှိနေပါသေးတယ် ။ အထူးသဖြင့် ဒီနေ့လို ခေတ်ကြီး အရာရာကို အလွယ်တကူရနေတဲ့ခေတ်ကြီးမှာ Abortion (ကိုယ်ဝန်ဖျက်ချခြင်း) ဆိုတာဟာလည်း မရှိသင့်တော့တဲ့အရာတစ်ခုဖြစ်ပါတယ် ။ ကဲ ညီငယ်ညီ မငယ် လေးတွေရေ... ဘာတွေလုပ်ကြမှာလဲဘာတွေကာကွယ်ကြမှာလဲဘာတွေပြင်ဆင်ကြမှာပါလဲ။ တတ်သိနား လည် တဲ့ လူတွေနဲ့ တိုင်ပင်ကြပါ ။ မိန်းကလေးတွေဘ၀ဟာ ပန်းကလေးတွေလိုပါပဲ ။ အချိန်မတိုင်ခင် နွမ်းသွား ပြီဆိုရင် တော့ စွန့်ပစ်ခံရဖို့ နီးစပ် လာပြီဖြစ်ပါတယ် ။ ပန်းကလေးတွေ မနွမ်းစေဖို့ ပန်းကိုင်ဥယျာဉ်မှူး တွေက လည်း ပန်းကလေးတွေကို မြတ်နိုးတတ်ဖို့လိုပါတယ် ။ ချစ်ခင်ကြပါ ။ ယုယကြပါ ။ နှမချင်းစာနာပြီး တန်ဖိုးထားပေးကြပါ။
ပွင့်သောပန်းတိုင်း မွှေးနိုင်ကြပါစေခင်ဗျာ ။
Thursday, 30 September 2010
အပြောင်းအလဲတိုင်းကို ကြိုဆိုသင့်ပါသလား ?
Friday, 24 September 2010
သီချင်းနားဆင်ရန်
" မ " sample song
တိတ်တခိုးအချစ် - ရိန်မိုး
အရမ်းပဲချစ်နေပြီ - ရိန်မိုး
တွဲဖက်အပြုံး - ရိန်မိုး
မ - ပူစူး
အပြစ်မမြင် - ၀ိုင်းစုခိုင်သိန်း
မင်းကိုသတိရရင် - ကောင်းကောင်း+မို့မို့လွင်
လေပြေ - အေသင်ချိုဆွေ်
ဘယ်သူမှမကောင်းဘူး - R ဇာနည်
မျောက်ဖြစ်ချင်တယ် - ခန့်ဖြိုး
နင်ရက်စက်တယ် - Sample Song
သူလေး - ရိန်မိုး
ရင်ခုန်ဘက်သို့တမ်းချင်း - ဟန်ထွန်း
မေမေ
အိမ် - ဓီရာမိုရ်
တမိုးအောက် - ပူစူး
ဘ၀ခြင်းခြားလည်းချစ်
ပြော - ဇင်အောင်
ကြွေပါစေ - R ဇာနည်
လမ်းမခွဲကြေး - သြရသ+အေသင်ချိုဆွေ
ကြွေသူနှစ် ကောက်သူတစ် - ချစ်ကောင်း
ဆုံဆည်းခွင့် - လေးနက်+ရိုးရာ
အလွမ်းပြေအနမ်း - Bunny Phyo
ယုံကြည်ပေးပါ - Bunny Phyo
တကယ့်ပုံပြင် - ရိုးရာ
ဒီရင်မှာ - Nကိုင်ရာ
အဖြူရောင်သူငယ်ချင်း - အောင်ပြည့်ဖြိုး
နှစ်ပတ်လည် - Bunny Phyo
မြန်မာမလေး - ပြည်စိုး
မင်းရဲ့အနား
ဟာသ
ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ်။
ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
ဖခင်။ ။ နေအုံး... ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။
နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား... လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက် အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား... ရပါတယ်။
သင့်လက်ထဲမှာ ဘာမှမရှိလဲ သင့်မှာ positive attitude ရှိရင်... သင်ဖြစ်ချင်တာတွေ ဖြစ်လာပါလိမ့်မယ်။
သမ္ဖပလ္လာပ စာနယ်ဇင်းသမားများ
ဂျာနယ်တစ်ဒါဇင်လောက်မှာ အပတ်စဉ်ပုံမှန်စာတွေရေးဖြစ်နေတာကြောင့် စာဖတ်ပရိသတ်အမျိုးမျိုးဆီက ဖုန်းဆက်တာတွေ စာရေးတာတွေ အမြဲလိုလို လက်ခံရရှိလေ့ရှိတယ်။ တချို့ကအားပေးတယ်။ တချို့က ဝေဖန်ထောက်ပြတယ်။ တချို့ကတိုင်တမ်းတယ်။ တချို့ကတိုင်ပင်တယ်။ တချို့ကရင်ဖွင့်တယ်။ အမျိုးစုံပါပဲ။
အပြုသဘောဝေဖန်သုံးသပ်
ဒီအထဲမှာဂျာနယ်တွေနဲ့ပတ်သက်ပြီး အားမလိုအားမရဖြစ်လို့၊ မကြိုက်လို့၊ စိတ်ပျက်လို့ ပြောပါဦး၊ ရေးပါဦးလို့ တိုက်တွန်းတဲ့စာမျိုးတွေက အများဆုံးပါပဲ။ အတတ်နိုင်ဆုံး တာဝန်ကျေအောင် ရေးခဲ့ပါတယ်။ စာနယ်ဇင်းသမားဆိုတာ အမြင်မတော်တာ၊ အကြားမတော်တာမှန်သမျှ၊ တိမ်းစောင်းနေတာမှန်သမျှ အပြုသဘော ဝေဖန်သုံးသပ်တင်ပြရမြဲဖြစ်တဲ့အတိုင်း မော်ဒယ်မိန်းကလေးတွေ ၀တ်စားဆင်ယင်ပုံ လျှပ်ပေါ်လော်လီတာကအစ၊ ၀န်ထမ်းကြီးငယ်တွေ အကျင့်ပျက်တာမျိုးအလယ်၊ လူတိုင်းလိုလို သိက္ခာကိုရိက္ခာနဲ့ လဲပစ်နေကြတာမျိုးအဆုံး ကြိမ်ဖန်များစွာ ရေးခဲ့ပါတယ်။ ဒီအထဲမှာ ကိုယ့်တာကိုယ်လုံအောင်လုပ်ဖို့အတွက် စာနယ်ဇင်းသမားများ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေအကြောင်းရေးခဲ့တာက အများဆုံးဖြစ်ပါတယ်။
သမ္ဖပလ္လာပဂျာနယ်လစ်
ကျင့်ဝတ်အကြောင်း ရေးလွန်းအားကြီးလို့ ပွဲတကာလည်တက်ပြီး လက်ဆောင်ယူသူတွေ၊ ဂျာနယ်တွေကိုခုတုံးလုပ်ပြီး ကိုယ့်ကိုယ်ကိုလူရာဝင်အောင် လုပ်သူတွေနဲ့ ကြော်ငြာဆောင်းပါးရေးပြီး ပိုက်ဆံရှာသူတွေ စတဲ့စတဲ့ အသိမ်အဖျင်းရေးသူ 'သမ္ဖပလ္လာပဂျာနယ်လစ်'များက ကွယ်ရာမှာ အောက်ကလိအာပြောကြတာတွေလည်း အများကြီးပြန်ကြားရပါတယ်။ ဒါပေမဲ့လည်း အရေးလျှော့လို့ မဖြစ်ဘူး။ စာနယ်ဇင်းဆိုတာ စတုတ္ထမဏ္ဍိုင် ဖြစ်တယ်ဆိုတော့ တည့်မတ်ဖို့အရေးကြီးတယ်။ ခြစားလောက်ကိုက်လို့လည်း မဖြစ်ဘူး။ ခြတွေလောက်တွေ မကပ်နိုင်အောင်တားဆီးကာကွယ်ရမယ်။ လက်နှီးစုတ်ကို အိမ်ပြင်ထုတ်လှန်းသလို ဖြစ်လည်းမတတ်နိုင်ဘူး။ ရှက်တော့ရှက်တာပေါ့။
ဖန်တရာတေနေပြီ
စာဖတ်ပရိသတ်တွေကတောင် ပြောလာရတာဆိုတော့ ပိုပြီးရှက်စရာကောင်းတယ်။ အကြိမ်ကြိမ်ရေးခဲ့တာ 'ဖန်တစ်ရာတေ' နေပြီဖြစ်ပေမယ့်လည်း စာဖတ်သူများကရေးစေ၊ ပြောစေချင်တော့ ရေးရပါဦးမယ်။ အခုမှ ဂျာနယ်လောကထဲလှမ်းဝင်ဖို့ ကြံရွယ်တဲ့လူငယ်လေးတွေ ဆင်ခြင်နိုင်ကြစေဖို့ဖြစ်တယ်။ အံတိုနေပြီဖြစ်တဲ့ 'သမ္ဖပလ္လာပဂျာနယ်လစ်' များမဖတ်ဘဲ ကျော်လွှားသွားကြပါလိမ့်မယ်။
အများဆုံးညည်းညူသံ
စာဖတ်သူများရဲ့ အများဆုံးညည်းညူသံကတော့ သတ်ပုံမှားတာနဲ့ စာအကျအပေါက်မှားတာတွေဖြစ်တယ်။ ၀ါကျတစ်ခုမဆုံးခင် စာကြောင်းကပြတ်သွားပျောက်သွားတော့ အဓိပ္ပာယ်ဆက်စပ်မရဘဲ ဖြစ်တာကို သူတို့တော်တော်စိတ်ပျက်ကြတယ်။ တစ်ခါတလေ စာပိုဒ်တစ်ပိုဒ်လုံးကျန်ခဲ့လို့ စာရေးသူဘာပြောမှန်း မသိလိုက်ရဘူးလို့ဆိုကြတယ်။ တချို့ကညွှန်းတဲ့စာမျက်နှာမှာ အဆက်ကိုရှာမရတာလည်း စိတ်မရှည်ကြဘူး။ တချို့က စာမျက်နှာနံပါတ်ထိုးတာ မထင်မရှားဖြစ်နေတာကို မကြိုက်ကြဘူး။ ကာတွန်းတွေမှာပါတဲ့ စာကသတ်ပုံမှားနေတာကိုတော့ အများဆုံးထောက်ပြကြတယ်။ ကာတွန်းဆိုတော့ ပိုပြီးသိသာထင်ရှားနေတာကိုး။
သတ်ပုံလေးတောင် မယုံရတော့
ဒီအချက်တွေအားလုံး အမှန်တွေချည်းပါပဲ။ ရှေးကဆိုရင် ကလေးတွေ သတ်ပုံမသိလို့မေးတဲ့အခါ နီးရာသတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတစ်စောင်ဆွဲယူပြီး "အဲဒီထဲမှာရှာကြည့်" လို့ပြောလိုက်ရုံပဲ။ အဲဒီလောက်အထိကို စာဖတ်ပရိသတ်က ယုံကြည်စိတ်ချထားကြတာ။ ခုခေတ်တော့ သတ်ပုံလေးတစ်ခုတောင်မှ စိတ်ချလက်ချယုံကြည်လို့ရတဲ့ စာနယ်ဇင်းတစ်ခုမှကိုမရှိတော့ဘူးလို့ပြောရင် လွန်မယ်မထင်ဘူး။ နောက်ပြီး ကလေးတွေကို တောင်းရမ်းစားသောက်ခိုင်းတဲ့ သတင်းဖော်ပြရာမှာ ကလေးငယ်တွေရဲ့ဓာတ်ပုံကို ထင်ထင်ရှားရှားကြီး ဖော်ပြတာကိုလည်း စာဖတ်သူများက ထောက်ပြဝေဖန်ကြတယ်။ ဂျာနယ်လစ်ဆိုပြီးတော့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေကို မသိရကောင်းလားလို့ အပြစ်တင်ကြတယ်။ ဒါလည်းမှန်တယ်။ မှုခင်းသတင်းတွေ ဖော်ပြရာမှာ ကလေးသူငယ်ဆိုင်ရာသတင်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သရေကိုထိခိုက်နစ်နာသွားစေတဲ့ သတင်းနဲ့ တရားရုံးကို မထေမဲ့မြင်ပြုရာရောက်တဲ့ ရေးသားမှုမျိုးကို သတင်းထောက်နဲ့အယ်ဒီတာတိုင်း သိရှိနားလည်ထားဖို့လိုအပ်ပါတယ်။ ဒီခေတ်မှာ ဒီသုံးချက်နဲ့လွတ်ကင်းအောင် မရေးတတ်ကြတာများတယ်။ မှုခင်းဂျာနယ်မဂ္ဂဇင်းတွေက အဆိုးဆုံးဖြစ်တယ်။ အထူးသဖြင့် ရဲအမှုထမ်းတွေနဲ့ အငြိမ်းစားရဲအမှုထမ်းတွေရေးတဲ့ သတင်းဆောင်းပါးမှန်သမျှဟာ တစ်ဖတ်သတ်ရဲအမြင်နဲ့ ရေးသားလေ့ရှိပြီး ရုံးတော်ကစီရင်ချက်မချမီကတည်းက စွပ်စွဲခံရသူများကို ပြစ်မှုကျူးလွန်သူအဖြစ် ကြိုတင်သတ်မှတ်ပြီးဖြစ်ကြတာကို တွေ့ရတယ်။
ရဲကစွပ်စွဲသူသာဖြစ်တယ်
ရဲအလုပ်က ပြစ်မှုကိုခိုင်လုံအောင်တည်ဆောက်ပြီး ရုံးတင်တရားစွဲဖို့ဖြစ်တယ်။ တရားစွဲတင်ခံရသူဟာ ရဲကတရားခံအဖြစ်စွဲတင်သူသာဖြစ်တယ်။ အမှန်တကယ်ပြစ်မှုကျူးလွန်သူ ဟုတ်၊ မဟုတ် တတ်အပ်သေချာ ဘယ်သူမှမပြောနိုင်သေးဘူး။ သက်သေအထောက်အထားခိုင်လုံလို့ ရုံးတော်ကအပြစ်ရှိကြောင်းစီရင်ချက်ချပြီးမှသာ အပြစ်ရှိတယ်လို့ ပြောနိုင်တာဖြစ်တယ်။ ဒါတောင်အောက်ရုံးအဆင့်ဆင့်က အပြစ်ရှိတယ်လို့ ဆုံးဖြတ်ထားခဲ့ပေမယ့် အမြင့်ဆုံးရုံးတော်က အယူခံမှာကွင်းလုံးကျွတ်လွှတ်ပေးလိုက်တာမျိုးတွေ ရှိတတ်သေးတယ်ဆိုတာ သိထားရမယ်။
ပေါ့ပေါ့သဘောထားတဲ့ကိစ္စများ
စာဖတ်ပရိသတ်များကမသိကြလို့ ပြောတဲ့ရေးတဲ့အထဲမှာမပါပေမယ့် ခုခေတ်ဂျာနယ်သမားတွေ ပေါ့ပေါ့သဘောထားပြီး မှားတတ်ကြတာတွေလည်း ထောက်ပြချင်တယ်။ ပထမတစ်ချက်ကတော့ စာရေးသူတစ်ယောက် ရေးတဲ့စာကို ဂျာနယ်အယ်ဒီတာကလွဲပြီး တခြားသူကိုဂျာနယ်ထဲမပါခင်မှာ ပေးဖတ်တဲ့အလေ့ဖြစ်တယ်။ (စာပေစိစစ်ရေးကို ၀တ္တရားအရပေးဖတ်ရတာက သီးခြားကိစ္စပါ)။ ဥပမာ လူထုစိန်ဝင်းနာမည်နဲ့ရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ပါ အယူအဆတစ်ရပ်ကို တခြားစာရေးသူတစ်ဦးက စောဒကတက်တာ၊ ကန့်ကွက်ချေပတာလုပ်ဖို့ ရေးလိုက်တဲ့ဆောင်းပါးကို လူထုစိန်ဝင်းကို လာပြတာမျိုးဖြစ်တယ်။ ဒါမျိုးက လုံးဝမလုပ်အပ်တဲ့ကိစ္စဖြစ်တယ်။ အဲဒီဆောင်းပါးကို ဂျာနယ်ရဲ့ပေါ်လစီနဲ့ ညီ၊ မညီသုံးသပ်ပြီး အယ်ဒီတာက ထည့်လိုကထည့်နိုင်တယ်။ ပယ်လိုက ပယ်နိုင်တယ်။ တခြားသူများကို မပြရပါဘူး။
မဖြစ်မနေထည့်ရတဲ့ကိစ္စ
စာတစ်ပုဒ်ဂျာနယ်မှာထည့်ခြင်း၊ မထည့်ခြင်းဟာ ဂျာနယ်ရဲ့ပေါ်လစီနဲ့ ညီ၊ မညီဆိုတဲ့ အချက်နဲ့ပဲဆုံးဖြတ်ရတယ်။ ဗဟုခေတ်မို့ ကိုယ့်ပေါ်လစီနဲ့ ဆန့်ကျင်တဲ့အယူအဆကို ထည့်ရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်မရှိဘူး။ ဂျာနယ်က ၀တ္တရားအရ မထည့်မနေထည့်ပေးရမယ့် စာကတစ်မျိုးပဲရှိတယ်။ သတင်းဆောင်းပါးပါ အချက်အလက်မှားယွင်းတဲ့အတွက် မှားယွင်းဖော်ပြခံရသူက အထောက်အထားခိုင်ခိုင်လုံလုံနဲ့ တင်ပြတာမျိုးဆိုရင် အယ်ဒီတာအဖွဲ့က သီးခြားအတည်ပြုချက်ပြုလုပ်ပြီး မှားယွင်းကြောင်းသေချာပါက ပြင်ဆင်ချက်နဲ့ မှားယွင်းဖော်ပြခံရသူကို တောင်းပန်ချက်ကို သိသာထင်ရှားစွာဖော်ပြပေးရခြင်းဖြစ်တယ်။ အမှားပါတဲ့ သတင်း၊ ဆောင်းပါးကို ပြူးတူးပြဲတဲဖော်ပြထားခဲ့ပြီး အမှားပြင်ဆင်ချက်နဲ့ တောင်းပန်ချက်ကျတော့ မသိမသာ၊ မထင်မရှား ဖော်ပြထားတာမျိုး လုံးဝမလုပ်သင့်ဘူး။
ဗိုက်အငှားနဲ့ ဓားထိုးခံ
နောက်မလုပ်သင့်တဲ့ အချက်တစ်ခုကတော့ ဂျာနယ်မဂ္ဂဇင်းတစ်စောင်ကို နာမည်တပ်ပြီးဆန့်ကျင်ဝေဖန်တဲ့ (တစ်ခါတရံပုတ်ခတ်တိုက်ခိုက်တဲ့) စာမျိုးကိုကိုယ့်ဂျာနယ်မှာ ထည့်ပေးတာမျိုးဖြစ်တယ်။ ဒါမျိုးက 'ဗိုက်အငှားနဲ့ဓားထိုးခံသလို' ဖြစ်ရုံမက စာနယ်ဇင်းအချင်းချင်းစည်းမစောင့်ရာလည်း ရောက်တယ်။ နောက်တစ်ချက်ကတော့ ရိုက်မစစ်ရဘဲနဲ့ ကလောင်နာမည်ကို အလွယ်တကူ ဖွင့်ဟပြောကြားမှုမျိုးဖြစ်တယ်။ မြန်မာစာရေးဆရာအများစုဟာ 'ကလောင်အမည်' တစ်ခုခုခံယူပြီး စာရေးလေ့ရှိကြတယ်။ တချို့ကလောင်နာမည်တွေ အများကြီးထားပြီးရေးကြတယ်။ သူ့အကြောင်းနဲ့သူ အမျိုးမျိုးရှိကြတယ်။ တချို့ကလူမသိစေချင်လို့ ကလောင်နာမည်ခွဲပြီး ရေးတာမျိုးလည်းရှိတယ်။
အယ်ဒီတာဆိုတာ နှုတ်စောင့်စည်းရတယ်
ဒီလိုလူမသိစေချင်လို့ နာမည်ဝှက်နဲ့ရေးနေတာကို အယ်ဒီတာတွေက ခပ်လွယ်လွယ်၊ ခပ်ပေါ့ပေါ့နဲ့ လူရှေ့သူရှေ့မှာ ထုတ်ပြောလေ့ရှိကြတယ်။ ဒါဟာ အယ်ဒီတာတစ်ယောက် စောင့်ထိန်းရမယ့် ကျင့်ဝတ်စည်းကမ်းကိုဂရုမစိုက်၊ အလေးမထားရာရောက်ပါတယ်။ အထူးသဖြင့် ဝေဖန်ရေးစာမျိုးရေးတဲ့အခါ ရေးသူများဟာသူတို့ရေးမှန်း လူမသိစေချင်ကြပါဘူး။ ဒါကို အယ်ဒီတာက နှုတ်စောင့်စည်းရပါတယ်။ အဲဒီစာရေးတာ ဘယ်သူလဲလို့မေးသူကလည်း မမေးအပ်ပါဘူး။ စာရေးသူ အချင်းချင်း စောင့်ထိန်းအပ်တဲ့ကျင့်ဝတ်မျိုးပါ။
မြောင်းထဲရောက်ပြီမှတ်
ဂျာနယ်မဂ္ဂဇင်းသမားတစ်ယောက်ကိုသွားပြီး "စောင်ရေဘယ်လောက်ရှိသလဲ" ဆိုတဲ့မေးခွန်းမျိုးလည်း မမေးအပ်ဘူး။ သူတို့ဟာ သူတို့ပြောချင်ပြောပါစေ။ ကိုယ်ကတော့ မမေးအပ်ပါဘူး။ ဒါမျိုးကို လုပ်ငန်းလျှို့ဝှက်ချက် (Trade Secret)လို့ခေါ်ပါတယ်။ ဒီလိုကိစ္စမျိုးတွေက စာနယ်ဇင်းပညာ စာအုပ်ကြီးတွေထဲမှာ ဘယ်ပါမှာလဲ။ လူကြီးသူမတွေက လုပ်ရင်းကိုင်ရင်း လူငယ်တွေကို နှုတ်ကပြောကြ၊ ဆုံးမသွားကြတာပါ။ အခုခေတ်တော့ အဲဒီလိုဆုံးမသွန်သင်မယ့် လူကြီးသူမတွေရှိကြတော့တာ မဟုတ်လေတော့ လူငယ်လေးတွေမှာ စမ်းတ၀ါးဝါးနဲ့ မှားပြီးရင်းမှားနေကြတာတွေ့နေရတယ်။ လွန်ကဲလာတဲ့အခါ စာဖတ်ပရိသတ် မျက်စိဆံပင်မွေးစူးစရာဖြစ်လာတယ်။ အဲဒီကတစ်ဆင့်တက်ပြီး မျက်စိနောက်လာပြီဆိုရင်တော့ မြောင်းထဲရောက်သွားပြီသာမှတ်ပေတော့။
လူထုစိန်ဝင်း
အိပ်ရာဝင် အစာစားပြီး
သွားမတိုက်သူ
အဲ့ဒီလူ ငါ မုန်းတယ် ။
ဟိုတယ်ပြန် ဟိုတယ်မာန်ခိုက်
သွားကြားထိုးသံ ကိုက်လာသူ
အဲဒီလူ ငါ မုန်းတယ် ။
ရေဒီယို ဖွင့်ချိန်ရောက်မှ
သူများအိမ်ပေါက် တံခါးလာခေါက်သူ
အဲဒီလူ ငါ မုန်းတယ် ။
တီဗွီဖွင့်ရင်း ခြေစုံဆင်းပြီး
သတင်းစာ ဖတ်သူ
အဲဒီလူ ငါ မုန်းတယ် ။
မျဉ်းကြားမှာ ကားရပ်တုန်း
ဆယ်လူလာဖုန်းနဲ့ အိမ်ကို ဖုန်းဆက်သူ
အဲဒီလူ ငါ မုန်းတယ် ။
အိမ်သာထဲ ကွမ်းငုံ၊ ထောင့်စုံအောင် ကွမ်းသွေးထွေး
အိမ်သာ ရေမဆေးသူ
အဲဒီလူ ငါ မုန်းတယ် ။
ဘတ်စ်စကားထဲ၊ ဘေးလူတွေ အားမနာဘဲ
ဆေးပြင်းလိပ်ခဲသူ
အဲဒီလူ ငါ မုန်းတယ် ။
ယောက်ျားတန်မဲ့၊ မှန်ကြိုက် စနိုးပွတ်
တို့ပတ်ရိုက်သူ
အဲဒီလူ ငါ မုန်းတယ် ။
မိန်းမတန်မဲ့၊သံဘူးဘီယာစုပ်
စီးကရက်မှုတ်သူ
အဲဒီလူ ငါ မုန်းတယ် ။
ထမင်းဝိုင်းဘေးနား၊ ခါးထောက်ရင်း နားဖာကလော်
ကလော်ရင်း သရေကျသူ
အဲဒီလူ ငါ မုန်းတယ် ။
သူများအိမ်တက်နေ၊ နေတော့လဲ မဆင်း
ဆင်းတော့လဲ ငွေတောင်းသူ
အဲဒီလူ ငါ မုန်းတယ် ။
ကတိလည်း မပေး၊ ပေးရင်လည်း မတည်သူ
အဲဒီလူ ငါ မုန်းတယ်။
အိပ်ယာဝင် အိပ်ယာထ
ဘုရားဝတ်မချ မိဘ ရှိမခိုးသူ
အဲဒီလူ ငါ မုန်းတယ် ။
အာဃာတထား၊ အမုန်းပွား
ဒေါသများသူ၊ မောဟထူ
အဲဒီလူ ငါ မုန်းတယ် ။
ငါ့ကို ဝေဖန်
ငါ့ရန်သူ
အဲဒီလူ ငါ မုန်းတယ် ။
အို…ငါ့ကိုငါလဲ မုန်းတယ်။
မောင်စွမ်းရည်
စာပေဂျာနယ်
ဖေဖော်ဝါရီ်(၁၉၉၇)
Thursday, 23 September 2010
အမုန်းစာရင်း(မောင်စွမ်းရည်)
အိပ်ရာဝင် အစာစားပြီး
သွားမတိုက်သူ
အဲဒီလူ ငါ မုန်းတယ် ။
ဟိုတယ်ပြန် ဟိုတယ်မာန်ခိုက်
သွားကြားထိုးသံ ကိုက်လာသူ
အဲဒီလူ ငါ မုန်းတယ် ။
ရေဒီယို ဖွင့်ချိန်ရောက်မှ
သူများအိမ်ပေါက် တံခါးလာခေါက်သူ
အဲဒီလူ ငါ မုန်းတယ် ။
တီဗွီဖွင့်ရင်း ခြေစုံဆင်းပြီး
သတင်းစာ ဖတ်သူ
အဲဒီလူ ငါ မုန်းတယ် ။
မျဉ်းကြားမှာ ကားရပ်တုန်း
ဆယ်လူလာဖုန်းနဲ့ အိမ်ကို ဖုန်းဆက်သူ
အဲဒီလူ ငါ မုန်းတယ် ။
အိမ်သာထဲ ကွမ်းငုံ၊ ထောင့်စုံအောင် ကွမ်းသွေးထွေး
အိမ်သာ ရေမဆေးသူ
အဲဒီလူ ငါ မုန်းတယ် ။
ဘတ်စ်စကားထဲ၊ ဘေးလူတွေ အားမနာဘဲ
ဆေးပြင်းလိပ်ခဲသူ
အဲဒီလူ ငါ မုန်းတယ် ။
ယောက်ျားတန်မဲ့၊ မှန်ကြိုက် စနိုးပွတ်
တို့ပတ်ရိုက်သူ
အဲဒီလူ ငါ မုန်းတယ် ။
မိန်းမတန်မဲ့၊သံဘူးဘီယာစုပ်
စီးကရက်မှုတ်သူ
အဲဒီလူ ငါ မုန်းတယ် ။
ထမင်းဝိုင်းဘေးနား၊ ခါးထောက်ရင်း နားဖာကလော်
ကလော်ရင်း သရေကျသူ
အဲဒီလူ ငါ မုန်းတယ် ။
သူများအိမ်တက်နေ၊ နေတော့လဲ မဆင်း
ဆင်းတော့လဲ ငွေတောင်းသူ
အဲဒီလူ ငါ မုန်းတယ် ။
ကတိလည်း မပေး၊ ပေးရင်လည်း မတည်သူ
အဲဒီလူ ငါ မုန်းတယ်။
အိပ်ယာဝင် အိပ်ယာထ
ဘုရားဝတ်မချ မိဘ ရှိမခိုးသူ
အဲဒီလူ ငါ မုန်းတယ် ။
အာဃာတထား၊ အမုန်းပွား
ဒေါသများသူ၊ မောဟထူ
အဲဒီလူ ငါ မုန်းတယ် ။
ငါ့ကို ဝေဖန်
ငါ့ရန်သူ
အဲဒီလူ ငါ မုန်းတယ် ။
အို…ငါ့ကိုငါလဲ မုန်းတယ်။
မောင်စွမ်းရည်
စာပေဂျာနယ်
ဖေဖော်ဝါရီ်(၁၉၉၇)
Sunday, 12 September 2010
ပန်းချီ
ပြတင်းပေါက်က ညနေခင်းငှက်ကလေးတွေ
ဖွင့်ထားတဲ့ သီချင်း၊ လှုပ်နေတဲ့ဗလာစာရွက်
အပြင်မှာ ဒုန်းစိုင်းနေဆဲတိမ်တွေ
ပုစဉ်းလိုဖြတ်သွားတဲ့ စက်ဘီးများ
ကန်စွန်းရွက်သင်သလို၊ ချဉ်ပေါင်ရွက်သင်သလို
မြို့ကြီးများ သင်ပေးခဲ့တဲ့ငါ့အတွေးများ
ဘောကီထုပ္ပတ်မှာ ချစ်ပရိသတ်အတွက်
အလှပဆုံးဒုက္ခများစွာနဲ့
ညနေခင်း ငှက်ကလေးတွေရဲ့ပြတင်းပေါက်မှာ
ပိုင်ချို
Thursday, 9 September 2010
လွမ်းနေခွင့်လေးတော့..................ပေးပါ
ဟိုး.............အရင်လိုချစ်ခွင့်မရခဲ့ရင်တော်မှ
အဝေးမှာနေပြီး..........လွမ်းနေခွင့်လေး
တော့ပေးပါချစ်ရသူ။
မင်းလိုမပြတ်သားနိုင်တော့
အဝေးမှာနေပြီး...........လွမ်းနေခွင့်လေး
တော့ပေးပါချစ်သူ။
အရင်လိုမင်းအသံကြားလို့မရပေမဲ့
ကြားခဲ့ဖူးသောမင်းရဲ့အသံကို
အဝေးက.........ကြားယောင်ခွင့်လေး
တော့ပေးပါချစ်သူ။
