Thursday, 22 July 2010

ချစ်ခြင်းရဲ့ ဝေဒနာ

အရောင် ကင်းမဲ့တဲ့ ငါ့နှလုံးသားကို
နင် ဆေးရောင်စုံ ဆိုးပေးခဲ့တယ်။
အပြော ချိုချိုလေးတွေကို နှလုံးသားက
မြတ်နိုး တွယ်တာတတ်လာမှ အလွမ်းတွေကို ပေးခဲ့တယ်။
အပြုံးနုနုလေးတွေကို နှလုံးသားက
ြဲကင်နာတတ်လာမှ နာကျင်မှုတွေကို ပေးခဲ့တယ်။
မျက်ဝန်း နက်နက်လေးတွေကြောင့် နှလုံးသားက
သိပ်ချစ်တတ်လာမှ ရင်နာစရာတွေ ပေးခဲ့တယ်။
ထားခဲ့ပေမဲ့ မြတ်နိုးဆဲပါ
နာကျင်ပေမဲ့ ကြင်နာဆဲပါ ရင်နာပေမဲ့ ချစ်နေဆဲပါ။
နင်သာ ကြည့်တတ်မယ် ဆိုရင်

အပြုံး မျက်နှာပြင်ပေါ်မှာ
ကြေကွဲနေတဲ့ မျက်ဝန်း တစ်စုံ ရှိနေပါတယ်။
ဟန်နီ

Read More...

ချစ်သူ



ရင်ကွဲအောင် ချစ်ခဲ့ပေမဲ့ ရင်မနာပါရစေနှင့်လား ချစ်သူ......။
ရင်ဘတ်တွေ ကျိုးကြေခဲ့ဖူးပေမဲ့

ရင်ခုန်ခဲ့တာက မင်းတစ်ယောက်တည်းပါ
ရင်မှာ အရှိုးရာ အထပ်ထပ် ခံယူရင်းက

ရင်နှင့် မဆံ့စွာ ရူးသွပ်မိခဲ့တော့
ရင်တွေ ပွင့်ထွက်လုမတတ် ခံစားပြီး

ရင်နင့်အောင် တပ်မက်ခဲ့ရတယ်လေ

ရင်ထဲ တိတ်တိတ် ပိုေုကွရင်းနှင့်ပဲ

ရင် တထိတ်ထိတ်ုကိတ်လွမ်းမိပြန်တော့

ရင် အရှိုက်မှာ ဖိတ်ကျလာတဲ့
ရင်တွင်းဖြစ် ကဗျာလေး တစ်ပုဒ်ရဲ့
ရင်လှိုက် တေးစ များစွာကို ဝေမျှဖို့

ရင်ခ မိုးစက်တို့  နမ်းရှိုက်ရာ

ရင်ဆွတ်ပန်းလေး တစ်ခင်းလောက်

ရင်ခွင် ဥယျာဉ်ထဲ လာအပျိုးကို
ရင်တစ်ခုလုံး ပုံအော ခင်းကျင်းပြီး
ရင်ဖွင့် ကမ်းလင့်နေရတာ
ရင်အစုံ ကျွမ်းလုမတတ်ပါပဲ မျက်ဝန်းလေးရယ
ရင်ကွဲအောင် ချစ်ခဲ့ပေမယ့်လို့ 
ရင်တော့ မနာပါစေနှင့်လားကွယ်.........။
လင်းချစ်သူ

Read More...

Wednesday, 21 July 2010

Thank you fri

Read More...

Wednesday, 7 July 2010

သူပုန်လေး တစ်ယောက်အကြောင်း

မြူတွေဆိုင်းပြီး
လှချင်တိုင်းလှနေတဲ့
ဒေါနတောင်ခြေ ရွာငယ်လေးက
အသက်အငယ်ငယ်နဲဏ္ဍ သူပုန်ဖြစ်ခဲ့သောကျနော်
ဘ၀ပေးအသိနဲဏ္ဍ
တော်လှန်သူကိုချစ်တဲ့
တော်လှန်ရေးကြီးကိုချစ်ခဲ့တယ်။

မသိစိတ်မှာေုကာက်စိတ်တွေကြီးစိုးပေမယ့်
သိစိတ်မှာ တစ်စစီေုကမွသွားအောင်

မိုးတည
တောင်ယာတဲဝမှာ
အရိပ်မဲတွေထိုးကျခဲ့တယ်
အပါးကိုအသွေးစိမ်းရှင်ရှင်ကျ အသားတွေအထပ်ထပ်မွန်း
အမိုးကို ဘက်နက်ပြ အလှည့်ကျ စနစ်နဲ့
ကျနော်ကျတော့ ရှင်လျှက်နဲ့သေခဲ့ရပေါ့။
တစ်ကောင်ုကွက်
အဖော်မဲ့ဘ၀ဖြစ်အောင်
အိမ်မက်နဲ့အတွေးတွေကြား
တုန်လှုပ်ချောက်ခြားနေရအောင်
ဝတ်စုံတွေ မြင်တိုင်း
ပုန်းအောင်းနေတတ်အောင်
သေနတ်နဲ့ဘက်နက်မြင်တိုင်း
သွေးပျက်ထိတ်လန့်နေရအောင်
ရူးသွပ်သူတစ်စုက
ကျနော့်ငယ်ဘ၀ကို
မညှာမတာ ချေမွခဲ့ကြတယ်။

တသသ
အမှတ်တစ်ရ ပန်းချီကား
အမိုးနဲ့အပါးအချစ်ဆုံးသားကျနော်
အဖော်က မိုးမခ
ဒေါနတောင်တန်းကြီးနဲ့
မြူတစ်လှည့် မိုးတစ်လှည့်
စိုလက်နေတဲ့ တောင်ယာတွေ
တပိုးသံ ရိုးရာတေး
ကျောက်ဆောင်ကြားက ငါးလေးတွေ

သစ်သီးတွေစား လှည့်စားတတ်တဲ့ရှဥ့်ငယ်တွေ
တစ်တောင်လုံးမွေး တစ်တောင်လုံးသင်း
ပွင့်ချင်တိုင်း ပွင့်နေတဲ့ပန်းရိုင်းတွေ
တခါတခါ ပြည့်ပြည့်၀၀
တခါတခါလည်း မပြည့်မဝ
ဒါပေမဲ့
အမြဲတမ်း ရှင်းသန့်နေတဲ့လရောင်တွေ
ကျနော်...........
သူတို့နဲ့ပဲ ပျော်ခဲ့ရတယ်။

တောင်ယာတွေကိုသိပ်ချစ်လို့ 
သူပုန်ဖြစ်ခဲ့ရသူဆိုရင်
သင်တိုင်းဖြူမက လွဲလို့ 

ကနော်တော်လှန်သူဘ၀ကို နောက်ဆုံးထွက်သက်ထိ ချစ်နေအုန်းမယ်။

ခိုင်မာကျော်ဇော

Read More...

 

ငွေလမင်းနှင့် မိုးသောက်ကြယ် Copyright © 2010 Designed by Ipietoon Blogger Template Sponsored by Emocutez