လမင်းလေး အတွက် နှလုံးသား သံစဉ်
လမင်းလေးရေ
အသည်းမှာ စွဲနေတဲ့ မြားချက်က
ဘယ်သူမှ မသိဘူး
ငါ့ကို ရူးသွားစေခဲ့တာ။
လမင်းလေးရေ
မင်းကို ငါ ချစ်တယ်
ရာစု နှစ်ပေါင်း များစွာကတည်းက
အခုထိ မရိုးနိုင်တဲ့ စကားလုံး ဆိုပေမဲ့
ငါ့ အသက်နှင့် ဘ၀ဋ္ဌကီး တစ်ခုခလုံးက
ဒီစကားလုံးနှင့် တစ်ထပ်တည်း ကျတယ်။
လမင်းလေးရေ
အချစ်ဟာ လောင်စာပဲ ဖြစ်စေဦး
ငါ့ နှလုံးသားနှင့် ရင်းပြီး
အလောင်ကျွမ်း ခံဝံ့တယ်။
၁၅၀၀ လွင်ပြင်ဟာ
လူသတ်ကွင်းပဲ ဖြစ်ပါစေ
ငါ့ ရင်ထဲမှာ ဘယ်တော့မှ
အင်ဋ္ဌကင်းပန်းတွေ ပွင့်လာမှာ မဟုန်ဘူး။
လမင်းလေးရေ
တစ်ရေး လန့် နိုးမှာတောင် ငါ ညည်းတယ်
မင်းကို ချစ်တယ်။
Friday, 5 February 2010
လမင်းအတွက်နှလုံးသားသံစဉ်
Categories
ကဗျာ
Subscribe to:
Posts (Atom)