Sunday, 12 September 2010

ပန်းချီ

ပြတင်းပေါက်က ညနေခင်းငှက်ကလေးတွေ
ဖွင့်ထားတဲ့ သီချင်း၊ လှုပ်နေတဲ့ဗလာစာရွက်
အပြင်မှာ ဒုန်းစိုင်းနေဆဲတိမ်တွေ
ပုစဉ်းလိုဖြတ်သွားတဲ့ စက်ဘီးများ
ကန်စွန်းရွက်သင်သလို၊ ချဉ်ပေါင်ရွက်သင်သလို
မြို့ကြီးများ သင်ပေးခဲ့တဲ့ငါ့အတွေးများ
ဘောကီထုပ္ပတ်မှာ ချစ်ပရိသတ်အတွက်
အလှပဆုံးဒုက္ခများစွာနဲ့
ညနေခင်း ငှက်ကလေးတွေရဲ့ပြတင်းပေါက်မှာ
ပိုင်ချို

0 comments:

Post a Comment

 

ငွေလမင်းနှင့် မိုးသောက်ကြယ် Copyright © 2010 Designed by Ipietoon Blogger Template Sponsored by Emocutez