Wednesday, 13 October 2010

စကားနားထောင်သူ

အဖော်တစ်ယောက်နှင့်အတူ အရက်မူးပြီး ပြန်ရောက်လာသော ယောင်္ကျားကို မိန်းမက ခါးထောက်ပြီးအော်သည်။
'ရှင် ဒီအရေတွေ သောက်လာပြန်ပြီလား။ သေချင်းဆိုးကြီး။
"မိန်းမရေ၊ နောက်နှစ်ခေါက်လောက်ထပ်ပြောလိုက်ပါဦး။
"သေချင်းဆိုးကြီး၊သေချင်းဆိုးကြီး၊ ကဲ" ယောက်ျားက ပါလာသောအဖော်ကို ဂုဏ်ယူသံဖြင့် ပြောသည်။
"တွေ့တယ်မဟုတ်လား။ ငါ့မိန်းမဟာ ငါ့စကားကို အင်မတန်မှ နားထောင်တာကွ။

0 comments:

Post a Comment

 

ငွေလမင်းနှင့် မိုးသောက်ကြယ် Copyright © 2010 Designed by Ipietoon Blogger Template Sponsored by Emocutez