(၁) ကိုယ်သေရင် မငိုနဲ့၊ ပါးစိုရုံရှိမှာပေါ့။
သပိတ်မသွတ်နဲ့
လွတ်ပြီးသား၊ ကျွတ်ပြီးသား။
ထမင်းမထုပ်နဲ့
သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့၊ အိုးမလို ဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက် ယူမသွားနဲ့ ပြန်လိုက်ရမယ့် အစားမဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည် ဘာကိုမှ မလည်နဲ့၊
သံသရာကြီးမှာ လည်ခဲ့သူ။
(၂) ကိုယ်သေရင် မငိုနဲ့၊ ကြိုကြိုပြီး သေထားသူ။
"ဘုရားရှင်ရဲ့ဂုဏ်တော်" ကို မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့
မရဏမင်းဆီ ပျော်ပျော်သွားမှာ။
ပြီးတော့ ပြောပါရစေ
သာသနာ၊ စာပေ၊ ပရဟိတ လုပ်လက်စတွေကို ဆက်လုပ်ဖို့၊
ဟောဒီ ချစ်ရတဲ့ မိခင်မြေကို ပြန်လာခဲ့မယ် မုချ။
ဒီတော့ ကိုယ်သေရင် မငိုနဲ့၊
ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ
လူသာဆုံးတာ ကျန်တာမရှုံးဘူး။
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။.
Tuesday, 16 November 2010
ဆရာမိုးဟိန်း အမှစာ
Categories
ကဗျာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment