Tuesday, 14 December 2010

လူပြို မစစ်တစစ်ကြီးများ၏ လျှို့ဝှက်ချက် သင်္ကေတများ

လူပြို မစစ်တစစ်ကြီးများ၏ လျှို့ဝှက်ချက် သင်္ကေတများ

၁။ မိန်းခလေးချောချာဖြောင့်ဖြောင့်လေးများ၊ မချောတချော မဖြောင့်တဖြောင့်လေးများကို မြင်လျှင်အပြစ်တင်တာလိုလို

ကဲ့ရဲ့ရှုံ့ချတာလိုလို ခေတ်နဲ့မလျှော်ညီတာလိုလိုပြောဆို ၍ မဲ့ကာ ရွဲ့ကာနှင့် (ရင်ထဲမှာတော့ ကြိတ်

၍လက်ခံနိုင်ခြင်း။ကြေနပ်နေခြင်းများနဲ့ ကြည့် ၍မ၀နိုင်ခြင်း၊ ထို့အပြင် အမြင်နှင့်ရော အတွေးနှင့်ရော ကြိတ်၍ ငမ်းကြော ထူနေတတ်ခြင်း )ဖြစ်နေတတ်သည၂။ ကလေးငယ်များ၊ အရုပ်လေးများကို သာမန်လူတွေထက် ပိုပြီး ထူးကဲ လွန်ကြူးစွာ ချစ်တတ်၊ စွဲလန်းနေတတ်ပါသေးတယ်

(တစ်ကယ်တော့ ကလေးငယ်များ၊ အရုပ်များကို သူ၏သားသားမီးမီးများဖြစ်နဲ့ ခံစားကြည့်၍

ပျော်ရွှင်ကြည့်နူးစရာအိမ်ထောင်ဖက်နဲ့ များအခုလို အတူတူနေခဲ့ ရရင်ဆိုတဲ့

အတွေးများနဲ့ )။

၃။ အချိန်များစွာ စိတ်ထဲ ထိခိုက် ၀မ်းနည်း ၊ တွေးမိတိုင်း ငိုရတယ်ဆိုတဲ့ ခံစားချက်လေးတွေလည်း ဖြစ်နေတတ်ကျပါသေးတယ်..

(စိတ်ထဲကနေေ၇ာ အပြင်ကနေပါ မွေးသမိခင်ကို အပြစ်တင်နေတတ်ပါသေးတယ်ရှင်..

မေမေတို့ကြောင့် ဘယ်သူ့ကြောင့်ဆိုပြီးတော့ပေါ့နော်...

ဖိုးမစွံကြီးတွေလေ...ကိုယ်ကိုယ်တိုင်ကြိုးစားတော့လည်းမရ...

မိဘနဲ့ ၀င်တော့လည်း တဖက်ကငြင်းလို့ ဘူးသီးပိုက်ပြီးပြန်ခဲ့ရတဲ့ အခြေအနေတွေမှာလေ....

( အလိုမကျ ၍ဖြစ်နေတာပါ )

၎။ ထမင်းဟင်းချက်တာကောင်းမွန်ထူးချွန်တတ်တယ်..

်(ကိုယ်တိုင်မှ ချက်မစား ဘယ်သူလာချက်ကျွေးမှာလည်းနော်..

နောက်ပြီး If အကယ်၍များပေါ့လေ မတော်လို့များ လူပြိုသိုး ဆန်အိုးတိုးပြီး မိန်းမလေးများရခဲ့ရင် ပြစ်မသွားအောင်...

အိမ်ရှင်ထီးကြီးအဖြစ် စွဲဆောင်ဖို့် ကြိုကျင့်ထားရတဲ့ နည်းလေးပေါ့နော်...ဟက်ဟက်.)

၅ ။နောင်ရေးကို မျှော်တွေးပြီး ပိုက်ဆံကိုချွေတာသုံးတတ်ပေမဲ့ အကောင်းတကာ့အကောင်းဆုံး အမွေးတကာ့အမွေးဆုံး

ရေမွေးတို့ ခေါင်းလိမ်းဆီတို့တွေကို ဈေးကြီးပေးဝယ်၇ပလေ့စေ အနှမျှောမရှိပဲ ၀ယ်တတ်ကျပါသေးတယ်ရှင်...

သူတို့လို အပုတ်တွေ အဲ့လေ လူပြိုသိုးတွေအတွက် နောက်ဆုံးဆွဲဆောင်စရာ လက်နက်က ပြင်ပ အကူအညီပဲကျန်တော့တာလေ..ဟိဟိ

လူမစွမ်းတော့ ရေမွေးမ ပေါ့နော်...း))

၆။ နောက်ပြီး ပစ္စည်းတွေကို လူအထင်ကြီးအောင် ဈေးကြီး ပေးဝယ်ပြီးတော့ အလှပြဖို့ပဲထားပြီး...

နောက်ကွယ်မှာတော့ အပေါစား တရုပ်စက် တစ်ရက်စုတ်ကလေးတွေနဲ့လည်း ကပ်စေးကုပ်တတ်ကြသေးတယ်ရှင့်....

(အပေါ်ယံအလှကိုတာ မက်မောကျတယ်ပေါ့လေ...)

၇။ ကိုယ်ထက်ငယ်တဲ့ ကောင်လေးတွေကို သူတို့ကောင်မလေးတွေနဲ့ တွဲသွားတွဲလာများ တွေ့ရင် အာသွက်

လျှာသွက်နဲ့ မင်းတို့ရဲ့ ကောင်မလေးတွေက အလကားပါ၊ သစ္စာရှိမှာမဟုတ်ဘူး၊ အိမ်မူကိစ္စနိုင်နင်းမှာမဟုတ်ဘူး၊

အလကားပဲ ငါ့လို လူပြိုကြီးပဲ လုပ်၊ မိန်းမမယူနဲ့ ဒုက္ခများမယ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့...

ပြောရရင်တော့ မစားရတဲ့ အမဲ သဲနဲ့ပက်တယ် ခေါ်မလားရှင်...

တနည်းပြောရရင် စပျစ်သီးချဉ်တယ်ပေါ့နော်...ဟာဟ

ဆရာကြီးလုပ် ၍ ဆုံးမတတ်ခြင်း(အမှန်ကတော့ သူလည်း အဲ့လို တွဲသွားချင်လိုက်တာမှ ထွန့်ထွန့်လှူး....

ငါးရံ့ပြာလူး၊ တီကောင်ဆားပက် အနာကို သံပရာ၇ည်နဲ့ အညစ်ခံထားရတဲ့အတိုင်း ရင်ထဲမှာ ကြိတ်ကြိတ်ပြီးတော့ အားကျနေတာပဲပေါ့ရှင်...း)) )

၈။ နောက်ပြီး လူပြိုကြီိးတို့ရဲ့ ထုံးစံ အရိုးများသလေးချေးခါးသလေးနဲ့ ပစိပစပ်အတော်များ ၍ တော်ရုံတန်၇ုံ လူတွေ လုပ်တာကို ဘယ်တော့မှ သဘောကျတယ်ရယ်လို့မရှိပဲ သူသိ သူတတ် သူတာလျင် ဆရာကြီး ငါနှင့်ငါတာ နိုင်းစရာမရှိ ပညာရှိ ငပိ(နံလို့)လုပ်တတ်ကြသေးတယ်ရှင့်...

(အမှန်ကတော့ မွေးရာပါ ကြေးထူ အလိုမကျ မိန်းမမရတဲ့ သာဓကတွေပေါ့နော်..)း))

၉။ ကိုယ့်ကိုယ်ကို အသက်မကြီးအောင် ၊ နုရွနေအောင် ကလည်း အရမ်းနေတတ်ကျတယ်..

ဝတ်လိုက်ရင်လည်း နုဖတ်ရွတ်တွနေတာလေးတွေ၊ အရောင်နုနုလေးတွေနဲ့ သူတို့ကိုယ်သူတို့ ...

မငယ်ငယ်အောင် လုပ်တတ်ကျသေးတယ်ရှင့်...

( အသက်ကြီးမှန်းသိသွားရင် လူပြိုဟိုင်းကြီး လူပြိုသိုးကြီးလို့ အခေါ်ခံ အပြောခံရမှာ အလွန့်အလွန် ကြောက်ကြတယ်လေ.. )

၁၀။ အစိုးရ မကောင်းကြောင်းတင်မက မိန်းမ မကောင်းကြောင်းကို တွေ့သမျှ ကောင်ကလေးတိုင်းအား မစားရ ၀ခမန်း ပြောပြတတ်သည်။ အနုအလှ ချစ်ကြောင်း ကြိုက်ကြောင်း ကဗျာများကိုကြိုက်နှစ်သက်၍ ( လက်တွေ့ဘ၀မှာ မဖြစ်လာသမျှကို စာအုပ်စာပေထဲမှနေ၍ ရင်ခုန်ခံစား ရသေ့စိတ်ဖြေလည်း လုပ်တတ်ကြသေးသည် )

အသဲကွဲကဗျာ လမ်းခွဲကဗျာများကို ယောင်လို့တောင်မျှ ဖတ်မကြည့်တတ်ကြပါ...

( ဖတ်မိလျင် အသဲဆိုင်ကို ခဲကိုင်ထားမတတ် လေးလံထိုင်းမှိုင်းပြီး ငိုချင်ရက် လက်တို့သကဲ့တို့ မိမိအဖြစ်နင့် နိုင်းပြီး ၀မ်းနည်းပူဆွေးတတ်ကြသေးသည်)



၁၁။ တစ်ခါတစ်ခါ ပျင်းလျှင် စကားပြောဖော် လိုက်ရှာတတ်သည် ....

တွေ့တဲ့သူကိုလည်းစကားကိုအနိုင်လု ၍ပြောဆိုတတ်သေးသည်။

( ပြောလျှင်လည်း အတွဲရှိသော ကောင်ကလေးများနင့်တာပြောချင်၍ သူများအတွဲအကြောင်းကို နိုက်နိုက်ချွတ်ချွတ် အားမနာ လျှာမကျိုး မေးတတ်ပြီး ကြိတ်အားကျကာ လက်တွေ့မှာတော့ မင်းတို့တွေကလေ မိန်းမမရှိရင် အသက်မရူတတ်တဲ့သူတွေဟုတာ ငါနှင့်များ ကွာပါ့ဟု ပြောတတ်ကြသည် ) :P :D

၁၂။ မိန်းမမယူသေးဘူးလား ဘယ်တော့စားရမလည်း အသက်လည်းမငယ်တော့ဘူးနော်...

ဆေးပေးမီးယူရှာသင့်တယ် ဟု လူအများပြောလျှင် မဲ့ကာ ရွှဲ့ကာဖြင့် ( အိုဗျာ ..ကျနော်က မိန်းမရှိမှ လူလုံးလှမဲ့သူ မဟုတ်ဘူးဗျတို့..

ကျနော်နဲ့ အပေးအယူတဲ့မဲ့သူ မရှိသေးပါဘူးဟု လူတကာ နုတ်ခမ်းရွှဲ့အောင် ပြောတတ်ကြသေးသည်။ အမှန်က ဘယ်သူမှမရွေးလို့ လက်ကျန် အဖတ်တင်နေမှန်း လူတကာ သိထားပါသည်...)်

စကားလမ်းကြောင်းလွှဲပြောတက်သည်။

၁၃။ အအိပ်အစားကို သာမန်လူထက် လျှော့အိပ် လျှော့စားတတ်သည်။ ( မစားနိုင် မအိပ်နိုင် မိန်းမလိုချင်၍ ငိုင်နေခြင်းတာဖြစ်သည်။ )ဟိဟိ

၁၄။ တရိစ္ဆန်လေးများကို အလွန်အမင်းမုန်းတီးတတ်သေးသည် (ဥပမာ ခွေးကလေး ကြောင်ကလေးများကို မိန်းမပျိုလေးများက ပွေ့ချိထား လျှင် ၎င်းတို့နေရာတွင် ငါသာဖြစ်လိုက်ပါတော့ဟု ၀င်ရောက်အစားထိုး မနာလိုခြင်းကြောင့်ပင်ဖြစ်သည် )...ဟီးးးးးးးး

၁၅။ ခေတ်နှင့် အပြိုင်အတတ်ဆန်း

အလှအပများ အသစ်အဆန်းပစ္စည်းများကို လူငယ်များနှင့်အပြိုင်၊ တခါတရံ ကျော်လွန်၍ပင်

ပြုလုပ်တတ်သေးသည်(ဥပမာ..ယောက်ျားကြီးတန်မဲ့ လူငယ်များကဲ့သို့ နားဖောက်၍ လူအကောင်ကြီိးနှင့်မလိုက် နားကပ် ပိစိပေါက်စများတပ်ခြင်း ၊ ဆံပင်အဖြူအား လူမသိအောင် အရောင်စုံ ဆိုးခြင်း၊ ဘီယာဖော၍ ပူနေသော ဗိုက်အား ဂျင်းဘောင်းဘီ ဇကောဇက ဖင်ကျပ်များဝတ်၍ မတရား သေးအောင်လုပ်ခြင်း စသဖြင့် ...စသဖြင့်.....)


၁၆။ အိမ်က တူ တူမလေးများအား တရားလွန် အလိုလိုက် အကြိုက်ဆောင်တတ်သေးသည်..

( အဘယ့်ကြောင့်ဆိုသော် တူ တူမလေးများ၏ သူငယ်ချင်းများ အချောအလှလေးများ လာလျှင် ထို လူပြိုကြိးများ အလွန်ပျော်ကြရသောကြောင့်ပင်ဖြစ်ပါသည်....)း))

၁၇။ အလုပ်ထဲ ရပ်ထဲ ရွာထဲတွင်လည်း လူငယ်လူရွယ်များနှင့်တာ ပေါင်းတတ်ပြီး အသက်တူ ရွယ်တူ ယင်းကဲ့သို့ လူပြိုသိုးကြီးများနှင့် ယောင်၍တောင်မျှ စကားမပြော မျက်နှာခြင်းပင် အဆိုင်မခံပါ ( လူပြို သိုး ပုတ် ဟု အများကဲ့သို့ အထင်ခံရမှာ အသည်း အူတုန်မတတ် ကြောက်၍ ဖြစ်သည်..)


ဒါတွေ ဒါတွေကတော့ လူပြို မစစ်တစစ်ကြီးများရဲ့( ဘာနဲ့ ပြိုနေမှန်း မသိရလို့ပါ) ကန့်လန့်ကာနောက်ကွယ်က ဘ၀လျှို့ဝှက်ချက်တစိတ်တပိုင်းတွေပဲဖြစ်ပါတယ်ရှင်...း))

မှတ်ချက်….ကိုဝင်းထွန်းဆန်း၏ “အပျိုစစ်စစ်ကြီးများ၏ ဂုဏ်ကျက်သရေများ”

0 comments:

Post a Comment

 

ငွေလမင်းနှင့် မိုးသောက်ကြယ် Copyright © 2010 Designed by Ipietoon Blogger Template Sponsored by Emocutez