အုတ်မြစ်မရှိတဲ့ စိတ်ဓာတ်က
လရောင်ကိုဖုံးတဲ့ တိမ်
ဘ၀က ဂူမရှိတဲ့ကျား ရေနစ်နေတဲ့ ငါး
ကယ်ကြိုးတပင် ဆွဲမိပေလို့
ပန်ဒါတွေမျိုးတုံးတော့မယ့် ဟောဒီကမ္ဘာမှာ
လူတွေဘာကြောင့် ရပ်နိုင်တာလဲ
တိမ်တွေခိုစီးထားတော့
အန္တာရယ်ချောက်ထဲ ခုန်ဆင်းမလာတော့ဘူး။
။တံငါကွန်ရက်နဲ့ နတ်ရေကန်
ပင်လယ်ပြာကြီး
မေခလာတောင် မရောက်သေးခင်
ရေငတ်နေလို့ မဖြစ်သေး
ကော်ပီကူးထားတဲ့ သီချင်း
ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို မဟုတ်ပေမဲ့
အိတ်ကပ်ထဲက သံစဉ်တွေက ထွက်ကျမလာဘူး။
Thursday, 10 February 2011
ကော်ပီသီချင်း
Categories
ကဗျာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment